နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  ဦးတည်ချက်(၉)ရပ်နှင့်ရှေ့လုပ်ငန်းစဉ်(၅)ရပ် မှတ်တမ်းဓါတ်ပုံများ ပြသ

ပင်းတယ ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)ရုံး ရှေ့တွင် ယနေ့နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  ဦးတည်ချက်(၉)ရပ်နှင့်ရှေ့လုပ်ငန်းစဉ် မှတ်တမ်းဓါတ်ပုံများကို ပြသ‌ထားကြောင်း သိရသည်။

ထိုသို့ပြသဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ရေးကောင်စီ၏ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သည့် နိုင်ငံရေး၊  စီးပွားရေး၊  လူမှုရေး ဆောင်ရွက်ချက်မှတ်တမ်းဓါတ်ပုံများပါဝင်သည့်  ဗီနိုင်း ပိုစတာနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အတွက် ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများပါဝင်သည့် ဗီနိုင်းပိုစတာများအားပြည်သူများအား အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန်ရည်ရွယ်၍ ပြသပေးထားခြင်းဖြစ် ကြောင်း သိရသည်။

ပင်းတယ (ပြန်/ဆက်)