ချမ်းအေးသာစံ ဒီဇင်ဘာ ၂၂
မော်တော်ယာဉ်၊မော်တော်ဆိုင်ကယ်များအား ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးအရေးယူခြင်းကို ယနေ့ နံနက်ပိုင်းမှစပြီး မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်း၊ ၇၃လမ်းတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ထိုသို့ဆောင်ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့မှ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယာဉ်မောင်သူများအနေဖြင့် ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်ပါရှိရမှာ ဖြစ်ပြီး မော်တော်ယာဉ် စီးနင်းအသုံးပြုရာတွင် ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါသူများအားလုံး ထိုင်ခုံခါးပတ်တပ်ဆင် မောင်းနှင်စီးနင်းရမည် ဖြစ်ကြောင်း၊ မော်တော်ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ်စီးဦးထုပ်အား ဆောင်း၍ မေးသိုင်းကြိုးတပ် စီးနင်းရမှာဖြစ်ပြီး ယာဉ်အသုံးပြုမောင်းနှင်ရာတွင် ယာဉ်နံပါတ် ပြားများ မတပ်ဆင်ဘဲ သို့မဟုတ် မထင်ရှားဘဲ မမောင်းရ၊ မော်တော်ယာဉ်/ဆိုင်ကယ်များ အိတ်ဇောစက်သံ ဆူညံစွာ မမောင်းရ၊မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် နှစ်ဦးထက်ပိုမို စီးနင်းခြင်း မပြုရ စည်းကမ်းချိုးဖောက်ကျူးလွန်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူခြင်းခံရ မည် ဖြစ်ကြောင်း၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်စီးနင်းမောင်းနှင်အသုံးပြုရာတွင် အမျိုးသားနှစ်ဦးမစီးရ၊ အမျိုးသမီးနောက်တွင် အမျိုးသားမစီးရ၊အမျိုးသမီးနှစ်ယောက်စီးနိုင် သည်၊ အမျိုးသားနောက်တွင် အမျိုးသမီး စီးနိုင်သည်၊ အထက်ပါညွှန် ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများအရ ထိရောက်စွာအရေးယူသွားမည်ဖြစ် ကြောင်း သိရသည်။
ထိပ်ထားနိုင်