ကမာရွတ်မြို့နယ်အတွင်း ပြည်လမ်းတစ်​လျှောက် စုပေါင်းသန်ရှင်း​ရေးများ​ဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၂၂

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယ​နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်စည်ပင် သာယာ​ရေး၊ ပတ်ဝန်ကျင်သန့်ရှင်း​ရေးနှင့် ထိန်းသိမ်းဌာနမှ ဝန်ထမ်းများ စု​ပေါင်း၍ ပြည်လမ်း မကြီးတစ်​လျှောက် သန့်ရှင်းသာယာလှပ​စေ​ရေး စု​ပေါင်းအဖွဲ့ဖြင့် လမ်းသားနှင့် ကတ်တုံးများ​ ရေ​ဆေးခြင်း ဆောင်ရွက်​ပေးလျက်ရှိသည်။

အလားတူ ရပ်ကွက်အတွင်းရှိ အသုံးပြုလျက်ရှိ​သော အမှိုက်ပုံးများနှင့် အမှိုက်သိမ်းယာဉ်များ အနံ့အသက်​ ကောင်းမွန်​စေရန်​ ရေများဖြင့်​ ဆေး​ကြောသန်စင်ခြင်းနှင့် အဓိကလမ်းမကြီးများ အင်စိန်လမ်းမကြီး၊ တက္ကသိုလ်ရိပ်သာလမ်း၊ ပြည်လမ်း၊ နာနတ်​တောလမ်း၊ ဗဟိုလမ်း၊ ဘုရင့်​နောင်လမ်းမကြီးနှင့် လှည်တန်းလမ်းမကြီး​ပေါ်ရှိ ခြံစည်းရိုးနှင့် ပလက်​ဖောင်းကြား အမှိုက်များ ကို ရှင်းလင်းခြင်း၊ အများပြည်သူ အသုံးပြု​နေ​သော မှတ်တိုင်​နေရာများကိုလည်း​ ဆေး​ကြော၍ သန့်ရှင်းလှပ​စေ​ရေး၊ ရပ်ကွက်အတွင်းရှိ​ ရေနုတ်​မြောင်းများများမှ အမှိုက်များကို ရှင်လင်း သယ်ယူခြင်းများကို မြို့နယ်စည်ပင်ဝန်ထမ်းများမှ​ စေတနာပြည့်ဝစွာဖြင့်​ ဆောင်ရွက်​ပေး လျက်ရှိ​ကြောင်း သိရှိရသည်။

စိမ်းလဲ့ ပြန်/ဆက်