ဒဂုံမြောက် ဒီဇင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန သည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းစုပေါင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် အတွေး အခေါ်များမျှဝေ၍ စာပေမှရရှိသော အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ(၃)နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်မြင့်မြင့်ရီမှ တက်ရောက်လာသူများအား စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးညွန့်လှိုင်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသော အသိနှင့်ပညာ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ပြီး ဆရာက "ဒီစာအုပ်ထဲမှာ အခန်းပေါင်း (၂၁)ခန်း ပါဝင်ပြီး အသိပညာများရရှိစေရေးအတွက် သုတ၊ ရသ စုံလင်စွာ တင်ပြထားတဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်" ဟု ဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ စာပေချစ်သူစာဖတ် ပရိသတ်များနှင့်အတူ ၎င်းစာအုပ်ပါ အကြောင်းအရာများကို အမြင်ချင်းဖလှယ်ကာ စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်၊၊
မြင့်မြင့်ရီ