ပေါက်တောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

ပေါက်တော    ဒီဇင်ဘာ ၂၁

 

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို စကားပုံဆက်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က ကျောင်းသား/ ကျောင်းသူများအနေဖြင့် လွတ်လပ်ရေးကို အမြဲအမှတ် ရနေစေရန်၊ အားလပ်သည့်အချိန်များတွင် စာကြည့်တိုက် သို့လာ၍ စာငှား/စာဖတ် ကြရန်၊ ကာယ၊ ဉာဏစွမ်းရည်များ ထက်မြက်စေရန်နှင့် စာကြည့်တိုက်သို့အမြဲမပြတ် ဝင်ထွက်သွားလာကြစေရန် ရည်ရွယ်၍ စွမ်းရည်ပြိုင်ပွဲများကို ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြား ခဲ့သည်။

အဆိုပါစကားပုံဆက်ပြိုင်ပွဲတွင် အ.ထ.က(ပေါက်တော)မှ ကျောင်းသား/ကျောင်းသူ(၃၀)ဦး ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြပြီး၊ ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများအား အချိရည်၊ မုန့်များဖြင့် ဧည့်ခံကျွေးမွေး၍ အမှတ်တရလက်ဆောင် များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပေါက်တော  (ပြန်/ဆက်)