မိုင်းယန်း ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ယန်းကောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းက RDT (Tesk Kit)ဖြင့် အခမဲ့သွားရောက်စစ်ဆေးပေးခဲ့ရာ (၂၀)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ပိုးတွေ့လူနာများအားသည် သတ်မှတ်(Quarantine) စင်တာများတွင် ကျန်းမာရေး စောင့်ကြည့် စစ်ဆေးခြင်းနှင့် ဆေးကုသမှုခံယူလျက်ရှိ ၄င်းတို့၏နေအိမ်ဝန်ကျင်နှင့် ဆက်စပ်ထိတွေ့သူများကို အသွားအလာများ ကန့်သတ်ထားရှိပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ သိရသည်။
မိုင်းယန်းမြို့နယ်တွင် ဩဂုတ်လ ၂ ရက်နေ့မှ ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာပေါင်း(၂၆၁)ဦး စစ်ဆေးတွေ့ရှိသည့်ခဲ့ပြီး ဆေးကုသဆဲ လူနာပေါင်း (၂၂)ဦးကျန်ရှိကြောင်း သိရသည်။
ထွန်းထွန်းထူး