ပေါင် ဒီဇင်ဘာ ၂၂
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးရန် ကျန်ရှိသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား Mobile စနစ်ဖြင့် ကိုဗစ် ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်း ၌ ကျေးရွာ(၇)ရွာ မှ ပြည်သူ(၇၀၀)ဦးကို ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကာကွယ်ဆေးလာရောက်ထိုးနှံသူ အသက် ၁၈နှစ်နှင့်အထက်ပြည်သူများအား ကျန်းမာရေး ဝန်ထမ်းများနှင့်လူမှုကူညီရေးအဖွဲ့များက အပူချိန်တိုင်း ပေခြင်း၊သွေးပေါင်ချိန်ပေးခြင်း တို့ကိုပြုလုပ် ဆောင်ရွက်ပေးပြီး ကျန်းမာရေးအခြေအနေပေါ် မူတည်၍ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။
ပြည်သူများ ကိုဗစ်ကာကွယ်ဆေးထိုးနှံရာတွင်အဆင်ပြေချောမွေ့စေရေးအတွက် ပေါင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဉက္ကဋ္ဌ ဦးသိုက်ထွန်း၏ အနီးကပ်ကြီး ကြပ်မှုဖြင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်စေတနာ့ဝန်ထမ်း (Volunteer)အဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် များ က လိုအပ်သည်များကို ဝိုင်းဝန်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ပေါင်မြို့နယ်(ပြန်/ဆက်)