ချောင်းဆုံမြို့(Community Center) ခန်းမတွင် စာစီစာကုံးရေးသားနည်း သင်တန်းကျင်းပ

ချောင်းဆုံ      ဒီဇင်ဘာ         ၂

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာန(Community Center) ခန်းမတွင် ယမန်နေ့ နံနက်၁၀နာရီက မြို့နယ်ပညာရေးဌာနနှင့်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်း၍ စာစီစာကုံးရေးသားနည်းသင်တန်းကိုကျင်းပသည်။


ရှေးဦးစွာမြို့နယ်ဦးစီးမှူး ဒေါ်တင်ဇာစိုးကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ လုပ်ဆောင်နေသည့် လူထုအခြေပြုဗဟိုဌာန (Community Center)တွင် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေအားပြောကြားပြီး အထက်တန်း၊ အလယ်တန်းအဆင့် (မြန်မာစာ၊ အင်္ဂလိပ်စာ) ပြန်လည် သင်ကြားပို့ချနေသည့် ဆရာ/ဆရာမ (၁၂)ဦးတို့အား မြန်မာစာ ဆရာမကြီး ဒေါ်နော်ခိုင်ခိုင်ဝင်း နှင့်ဒေါ်ချိုချိုမာတို့က သင်ကြားပို့ချပေးကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)