ကျောက်ဆည် ဒီဇင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရပ်ကွက်(၁၀)ရပ်ကွက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသော LED မော်တော်ယာဉ်ဖြင့် ပန်းခင်းစီမံချက်အကြောင်း ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက အသိပညာပေးခြင်းများနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ပြည်သူများကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး လက်ဝယ်ကိုင်ဆောင်နိုင်ရေး မေလ(၃)ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပန်းခင်းစီမံ ချက်အကြောင်း ပြည်သူများ ပိုမိုသိရှိစေရေး မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးအစီအစဉ်ဖြင့် LED မော်တော်ယာဉ်ဖြင့် ရပ်ကွက်များအတွင်းသို့ လှည့်လည်ကာ လူစည်ကားသည့် နေရာများတွင် ပညာ ပေးခြင်းများပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိ ရသည်။
အဆိုပါ အသိပညာပေးခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေရာတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချန်ထွန်းနှင့် ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ထားရွှေနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်း အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး ရန်ကုန်-မန္တလေးကားလမ်း တစ် လျှောက် လူစည်ကားသည့် ပေါက်တောမီးပွိုင့်လမ်းဆုံ၊ မြို့လည်မီးပွိုင့်၊ ရွှေရတီမီးပွိုင့်၊ ကြက်မင်း တွန်မီးပွိုင့်၊ စုပေါင်းရုံးကြီးရှေ့နှင့် မြို့နယ်တရားရုံးရှေ့ နေရာများတွင် ပညာပေးခြင်းများ ဆောင်ရွက် ခဲ့ပြီး ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင် (၁၅၀၀)အား ဖြန့်ပေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)