ကချင်ပြည်နယ် အသေးစားစက်မှု လက်မှု လုပ်ငန်းဦးစီးဌာနမှ တစ်သျှူးငှက်ပျော တန်ဖိုးမြှင့် စားသောက်ကုန်မျိုးစုံ ထုတ်လုပ်မှုနည်းပညာများအား လွှဲပြောင်းပေးအပ်

မြစ်ကြီးနား ဒီဇင်ဘာ ၂၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ တစ်သျှူးငှက်ပျော တန်ဖိုးမြှင့်စားသောက်ကုန်မျိုးစုံ ထုတ်လုပ်မှု နည်းပညာ များ အားလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားအား ယမန်နေ့ နံနက် ၉နာရီခွဲ အချိန်က အဆိုပါရုံးရှိ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်နယ်ဦးစီးမှူးဦးအောင်မောင်းက သဘာ၀သယံဇာတမှသည် စိုက်ပျိုးရေး နည်းပညာကို အခြေခံသည့် တန်ဖိုးမြှင့်စားသောက်ကုန်များထုတ်လုပ်ခြင်းအားဖြင့် သဘာ၀ ပတ်၀န်းကျင်ကို ထိန်းသိမ်းရာ ရောက်သည့်အတွက် ပြည်နယ်အတွက် များစွာအကျိုး ရှိကြောင်း၊ စဉ်ဆက်မပြတ် တန်ဖိုးမြှင့်စားသောက် ကုန်များထွက်ရှိခြင်းအားဖြင့် ပြည်ပပို့ကုန်အဖြစ် နိုင်ငံခြားဝင်ငွေရှိနိုင်မည် ဖြစ်ကြောင်းနှင့် ပြည်နယ် အတွင်းအလုပ်အကိုင် အခွင့်အလမ်းများ ရရှိမည်ဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက် ထိန်မင်း ကုမ္ပဏီလီမိတက် မန်နေဂျာ ဦးစောအေးချမ်းမှ တစ်သျှူးငှက်ပျောဟာ ပင်စည်မှ အရွက်အထိ တစ်ခုမကျန် စွန့်ပစ်စရာမလိုဘဲ တန်ဖိုးမြှင့်စားသောက်ကုန်အဖြစ် ထုတ်လုပ်နိုင်ကြောင်း၊ အဆိုပါနည်းပညာများအား လွှဲပြောင်းပေးအပ်ပေးပါသော ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီး ဌာနအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ကချင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ထိန်မင်းကုမ္ပဏီလီမီတက်နှင့်ဂျိန်းဖော့မြို့ တော် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်သို့ တစ်သျှူးငှက်ပျောတန်ဖိုးမြှင့် စားသောက် ကုန်မျိုးစုံ ထုတ် လုပ်မှုနည်းပညာများဖြစ်သည့် ငှက်ပျောခြောက်၊ ငှက်ပျောချိစ့် ၊ငှက်ပျောဟင်းခတ်မှုန့်၊ ငှက်‌‌ပျောယို၊ ငှက်ပျောဝိုင်၊ ငှက်ပျောပင်စည်မှ လက်မှု အထည်ပြုလုပ်နည်း အစရှိသည့် နည်းပညာများ အား ()ရက်ကြာ လွှဲပြောင်းသင်တန်း ပို့ချသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ယော်ဆောင်