ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း မရှိသေးသူများအား နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၂၁

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဉတ္တခရိုင်၊ ပုဗ္ဗသီရိမြို့နယ်ဦးစီးဌာနမှူးရုံးမှ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ကျေးရွာအုပ်စု၊ ကျည်တောင်ကန် (၅)ရပ်ကွက်၌  ပုဗ္ဗသီရိမြို့နယ်ဦးစီးဌာနမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးဝင်းသိန်းနှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက  ရပ်ကွက်နေပြည်သူမျာသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းမရှိသေးသူများအား နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင်  ဥတ္တရခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးက နိုင်ငံသား စိစစ်ရေးကတ်၊ အိမ်ထောင်စု စာရင်း၏ အရေးကြီးပုံများနှင့် ပန်းခင်းစီမံချက် အကြောင်းအရာများအား အသိပညာပေး ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။ ထို့နောက် မြို့နယ်ဦးစီးအရာရှိ ဦးဝင်းသိန်းနှင့် ဝန်ထမ်းများက ကျည်တောင်ကန် ကျေးရွာအုပ်စု၊ ကျည်တောင်ကန်(၅)ရပ်ကွက်ရှိ တစ်ကြိမ် တစ်ခါမှ မပြုလုပ်ရသေးသည့်  အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်အမျိုးသား (၂၃) ဦး၊ အမျိုးသမီး (၄၀) ဦး၊ စုစုပေါင်း (၆၃)ဦး၊ အသက်(၁၈)နှစ်ပြည့် အမျိုးသား (၁)ဦး၊ အမျိုးသမီး (၁)ဦး၊ စုစုပေါင်း (၂)ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားစုစုပေါင်း (၆၅)ကတ် အားနေ့ချင်းပြီး ကွင်းဆင်းထုတ်ပေးခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)