မိုင်းဆတ် ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ဖို့ အားလုံးလက်တွဲကြိုးပမ်းစို့ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘက်စုံသုံးခန်းမတွင် ယနေ့ နံနက်(၉)နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သင်းသပြေခင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေးရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သောင်းသောင်းအေးက ကုလသမဂ္ဂအထွေထွေညီလာခံ၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် နိုဝင်ဘာလ (၂၅) ရက်နေ့အား အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့ အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်မှုဆိုသည်မှာ လူမှုရေးအရ ခွဲခြားသတ်မှတ်သည့် ကျား၊ မ ရေးရာ စံနှုန်းများအပေါ် အခြေခံပြီး တစ်ဦးတစ်ယောက်၏ စိတ်ဆန္ဒကို ဆန့်ကျင်လျက် ထိခိုက်နစ်နာစေရန် ကျူးလွန်သည့်လုပ်ရပ် ဖြစ်ကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် ကျား၊ မအခြေပြု အကြမ်းဖက်တုံ့ပြန်မှု လုပ်ငန်းစဉ်ကို လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲရေးစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ နည်းမျိုးစုံဖြင့် အကြမ်း ဖက်ခံရသောအမျိုးသမီးများနှင့် အမျိုးသမီးငယ်များအတွက် ဝန်ဆောင်မှုများ တစ်နေရာထဲတွင် ရရှိနိုင်သည့် Center အား ပြည်နယ်/တိုင်းများတွင် ဖွင့်လှစ်ထားကြောင်း စသည်တို့ကို အသိပညာပေး အနေဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
မြင့်မောင် (မိုင်းဆတ်)