မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု (၃) အုပ်စုမှ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်

တောင်ပြိုလက်ဝဲ  ဒီဇင်ဘာ ၂၁

မောင်တောခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးနေဦး ဦးဆောင်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းအောင်၊ မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန်နှင့်ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်း ၁၁ နာရီအချိန် က ပန်းခင်းစီမံချက်ဖြင့် မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု ()အုပ်စုမှ ကျေးရွာ()ရွာရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တောင်ပြိုလက်ဝဲမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးနေဦး နှင့် ခရိုင်လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းအောင်တို့မှ လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့ရာ မီးတိုက်ကျေးရွာအုပ်စု၊ မီးတိုက်ကျေးရွာ၊ သဲချောင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာနှင့် သင်္ဘောလှကျေးရွာ၊ ကွမ်းသီးတောင်ကျေးရွာအုပ်စု၊ နံသာတောင်ကျေးရွာတို့မှ လူဦးရေအမျိုးသား (၁၁၈)ဦးနှင့် အမျိုးသမီး (၁၀၄)ဦး စုစုပေါင်း (၂၂၂)ဦးတို့အား အိမ်ထောင်စုလူဦးရေစာရင်းနှင့် အသက် (၁၀)နှစ်ပြည့်နှင့် အသက်(၁၈)နှစ် ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ မှတ်ပုံတင်လဲလှယ်ပေးခြင်း၊ ပျောက်ဆုံး/ပျက်စီးသူများကို မိတ္တူပြုလုပ်ပေးခြင်းတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ဆောင်ရွက်ပေးခြင်းများကို ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သိန်းနိုင်