ဒေါပုံမြို့နယ်ယမုံနာ (၂)ရပ်ကွက်သို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ဒေါပုံ  ဒီဇင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီအရာရှိ ဦးမိုးကျော်သူညွန့်နှင့် ဝန်ထမ်း များသည်  ပန်းခင်းစီမံချက်ဖြင့်  ရပ်ကွက်များအတွင်းသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရးကတ်ပြားများကို ပြုလုပ်ဆောင်ရွက်ပေးကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ လ.ဝ.က မှူးဒေါ်ဝါဝါဆွေ  ဦးဆောင်သည့်ဝန်ထမ်း များက ယနေ့နံနက် ၁၀ နာရီ အချိန်က ယမုံနာ (၂)ရပ်ကွက်အတွင်း အသက်(၁၈)နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြား (၅)ဦး၊ အိမ်ထောင်စုစာရင်းပြုလုပ်သူ (၁၀)ဦး၊ အသက် (၁၈)နှစ် ပြည့်နိုင်ငံသားစိစစ်ရေးကတ် ပြား လဲလှယ်သူ (၈)ဦး စုစုပေါင်း (၂၃)ဦးကိုလည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသီးသီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားနှင့်  အိမ်ထောင်စုလူဦးရေစာရင်းကို  ရပ်ကွက် များအရောက် ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့ မွေးဖွားဇာတိမြေ အမြဲနေ ထိုင်လျက်အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိသူများနှင့် ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် မူလဒေသတွင်  အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့် အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ယဉ်မော်(ပြန်/ဆက်)