မိုင်းဆတ်မြို့၌ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

မိုင်းဆတ်     ဒီဇင်ဘာ     ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ဒီဇင်ဘာလ (၂၀) ရက်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတို့က မြို့သစ်ရပ်ကွက်နှင့် တန့်ဆိုင်ကျေးရွာ အုပ်စုများသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သောင်းသောင်းအေးက မြို့သစ်ရပ်ကွက်မှ အသက် (၈၅) နှစ်နှင့် အထက်ရှိ အဘွား(၁)ဦး၊ တန့်ဆိုင်ကျေးရွာအုပ်စုရှိ အဘိုး (၂)ဦးနှင့် အဘွား()ဦးတို့အား (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများ အတွက် လူမှုရေးပင်စင်အဖြစ် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၁၂၀၀၀၀)ကို  သက်ကြီးဘိုးဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး မိုင်းဆတ်မြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးသွား(၁၃၁)ဦးရှိပြီး ကျန်ရှိသော ရပ်ကွက်၊ ကျေးရွာများမှ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ဆက်လက် ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်းသိရသည်။

မြင့်မောင်(မိုင်းဆတ်)