တုံတာ ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉)ရပ် အသိပညာပေး နံရံကပ်စာစောင်ကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ပါ ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများနှင့် ဦးတည်ချက်(၉)ရပ်ပါ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများအား ထည့်သွင်းပြသထားရှိပြီး တိုင်းရင်းသား ပြည်သူများက စိတ်ပါဝင်စားစွာလာရောက် ကြည့်ရှုလျက်ရှိကြောင်းသိရသည်။
လှိုင်လှိုင်ငြိမ်း