တန့်ယန်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ အားကစားပြိုင်ပွဲများကျင်းပ

တန့်ယန်း ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ ကျန်းမာကြံ့ခိုင် ၍ စိတ်ချမ်းမြေ့စွာ ပညာသင်ကြား နိုင်ရန်အတွက် ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ဒီဇင်ဘာလ  တတိယပတ်အတွင်း ကျင်းပလျက်ရှိကြသည်။

အဆိုပါ ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပနေမှုတွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းမန် ဦးဆောင်လျက် ဆရာ/ဆရာမ များကြီးကြပ်ကာ အပြေးပြိုင်ပွဲများ၊ ထုတ်စီးတိုးပြိုင်ပွဲများ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများ၊ ဘတ်စကက်ဘောပြိုင်ပွဲများကို အတန်းအလိုက်နှင့် အသင်းအလိုက် ပြိုင်ပွဲများ ကျင်းပခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)