မိုင်းပန် ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့ နံနက် (၈) နာရီအချိန်မှစ၍ အငြိမ်းစားဝန်ထမ်းများအား ပင်စင် လစာများ ထုတ်ပေးလျက် ရှိကြောင်း သိရသည်။
ပင်စင်လစာထုတ်ပေးခြင်းကို ဒီဇင်ဘာလ (၂၁) ရက်နေ့မှ ဒီဇင်ဘာလ (၂၉) ရက်နေ့အထိ ရုံးဖွင့်ရက်အတွင်း နေ့စဉ်နံနက် (၈) နာရီမှ မွန်းလွဲ (၃) နာရီအချိန်အထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ဆောင်ရွက် လျက်ရှိကြောင်းနှင့် မိုင်းပန်မြို့နယ်အတွင်းတွင် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ ပင်စင်လာရောက်ထုတ်ယူမည့်သူများအနေဖြင့် (၂၇၄) ဦးရှိကြောင်း စာရင်းများအရသိရပြီး ယနေ့တွင် (၈၅) ဦးခန့် ပင်စင်လစာများအား လာရောက် ထုတ်ယူပြီးကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မြို့နယ် (ပြန်/ဆက်)