မဘိမ်း ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ် စာစောင်ပြပွဲကို ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်း ပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းက လွတ်လပ်ရေးနေ့ဖြစ် ပေါ်လာပုံအကြောင်း သိကောင်းစရာများ၊ လွတ်လပ်ရေးဆုံးရှံးခဲ့ရသည့် အကြောင်းအရင်းများ၊ လွတ်လပ်ရေးဆုံးရှုံးမှုကြောင့် ရင်ဆိုင်ကြုံတွေ့ခံစားရသည့် အဖြစ်အပျက်များ၊ လွတ်လပ်ရေးရရှိခဲ့ပြီး ရရှိလာသောလွတ်လပ်ရေးအား အလေးထားတန်ဖိုးထားကာ လွတ်လပ်ရေး ပြန်လည်မဆုံးရှုံးစေရန် မျိုးချစ်စိတ်ဓာတ်များ၊ ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်ထက်မြက်ပြီး ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း စသည့်အကြောင်းအရာ များကို အသိပညာပေးဟောပြောခဲ့ပြီး (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုပြပွဲအဖြစ် စာအုပ်စာစောင်များအား ခင်းကျင်းပြသထားရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)