ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ လောကဇာတ်ခုံပေါ်မှာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ဒဂုံအရှေ့ ဒီဇင်ဘာ ၂၁

ပြည်သူများစာဖတ်သည့်အ လေ့အကျင့်မှ အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် အသိဉာဏ်ပညာ တိုးတက်မြင့်မားလာပြီး အကောင်း၊ အဆိုး၊ အမှား၊ အမှန် ဝေဖန်သုံးသပ် နိုင်စေရန်နှင့် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသည့်လောကဇာတ်ခုံပေါ်မှာ" စာအုပ်ဖြင့် ယနေ့နံနက် ၉ နာရီက  စာဖတ်ဝိုင်းကျင်းပ  ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး  ဒေါ်အေးမဉ္ဇူက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး စာပေချစ်မြတ်နိုးသူ  ဦးဝင်းသိန်းမှ “စာဖတ်ပါ” ခေါင်းစဥ်ဖြင့်ဆွေးနွေးရာတွင် အသိပညာ၊ အတတ်ပညာဆိုတာ ဆည်းပူးလေ့လာလို့ မကုန်နိုင်ကြောင်း၊ မိမိသိသာများလာရင် အမြင် ကျယ်တာနဲ့အမျှ အခက်အခဲ၊ အလွဲအချော်နည်းပါးစေတတ်ကြောင်း၊ မသိတာတွေများနေရင် အမှားမှား အယွင်းယွင်း၊ အချွတ်အချော်တွေနဲ့ အချိန်ကုန်ပြီး လုံးချာလည်လိုက်နေ တတ်ကြောင်း၊ အသိပညာ ဗဟုသုတများခြင်းသည် စွမ်းအားတစ်ခုဖြစ်ကြောင်း၊ ပညာဗဟုသုတ ဆိုတာ သူ့အလိုလိုပဲ စွမ်းအင်၊စွမ်းအားဖြစ်ကြောင်း၊ ပညာဗဟုသုတ၊ အသိဉာဏ်၊ အသိပညာ၊ မသိလေလေ မှောင်လေလေပါဘဲ စာများများဖတ်မှ ဗဟုသုတအကြားအမြင်တွေ သိရ၊ မှတ်ရ၊ နားလည်ရတယ်။

စာဖတ်ဝါသနာ ပါအောင် မိမိဘာသာ လေ့ကျင့်ပျိုးထောင်ယူရကြောင်း၊ အချိန်မရ၊ ရအောင်ရှာဖွေ ယူရကြောင်း၊ လူငယ်လူရွယ်များအတွက် သိရှိလိုက်နာရမည့် နည်းလမ်းများ၊ စသည်ဖြင့်အသေးစိတ်ဆွေးနွေးပြောကြားခဲ့ပြီး  တက်ရောက် လာသောစာပေချစ်မြတ်နိုး သူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

အေးမဉ္ဇူ