မိုင်းဖြတ် ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် အခြေခံပညာကျောင်းများကို ယာယီပိတ်ထားခဲ့ရာမှ မြို့နယ်အတွင်း ရောဂါပိုးကူးစက်မှု ကျဆင်းလာသည့် အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားလျက်ရှိကြောင်း သိရသည်။
ထိုသို့ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၏ စီမံကြီးကြပ်မှုဖြင့် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လုံခြုံရေးကိစ္စရပ်များကို ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြကြောင်းသည်။
မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း (၈၄) ကျောင်းရှိရာ ဒီဇင်ဘာလ ၁၃ ရက်က ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် အကြောင်း အမျိုးမျိုးကြောင့် (၇၆) ကျောင်းသာ ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ(၁၀၉၈)ဦးသာ တက်ရောက်သော်လည်း ဒီဇင်ဘာ ၂၁ ရက်က အခြေခံပညာကျောင်းပေါင်း (၈၃) ကျောင်း တိုးမြင့်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ (၃၅၇၅)ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
သန်းထွန်းအေး