ရန်ကင်းမြို့နယ်တွင် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူ(၇၂၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinnovac) ဆက်လက်ထိုးနှံပေးလျှက်ရှိ

ရန်ကင်း ဒီဇင်ဘာ ၂၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်တွက် ကာကွယ်ဆေးမထိုးနှံရ သေးသည့် အသက်(၄၀) နှစ်နှင့်အထက်ပြည်သူ များအား ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ရန်ကင်း မြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်း ရှိမိုးကောင်းဆု တောင်းပြည့်စေတီတော်ဝန်း အတွင်းရှိ သာသနာဗိမာန် တော်ကြီးတွင် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးဆက်လက် ထိုးနှံဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

ရန်ကင်းမြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကိုသက်ဆိုင်ရာ ဦးစားပေးအလိုက်ဦးတည် အုပ်စုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေး လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီမှ နေ့လယ် ၃ နာရီအထိ ပထမအကြိမ်ထိုးနှံပြီးပြည်သူ(၅၀၀)ဦးအား ဒုတိယအကြိမ်ထိုးနှံပေးပြီး ပထမအကြိမ် မထိုးနှံရသေးသူပြည်သူ( ၂၂၀)ဦး အားထိုးနှံပေးပြီး စုစုပေါင်း(၇၂၀)ဦးအား ဆက်လက်ထိုးနှံပေးခဲ့ကြောင်းနှင့် ဆေးထိုးနှံရာသို့ရော ဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ရုံးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတ အသင်းများပူးပေါင်း၍ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေ ချောမွေ့စွာ ဆေးထိုးနှံနိုင် ရန်ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာသို့ လာရောက်ထိုးနှံကြ သူများအား မြို့နယ်ကြက်ခြေနီသူနာ ပြုတပ်ဖွဲ့ဝင်များ ကအောက်စီဂျင်တိုင်းတာခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ တို့ကိုဆောင်ရွက်ပြီးကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ၊ မြို့နယ် ကျန်းမာရေးဝန်ထမ်းများက စနစ်တကျကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိသည်။

လှလှထွေး(ပြန်/ဆက်)