တောင်သာမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

တောင်သာ ဒီဇင်ဘာ ၂၁

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမ၌ အပတ်စဉ်အင်္ဂါနေ့တိုင်း စာဖတ်ဝိုင်း ကျင်းပလျက်ရှိရာ   ယနေ့ နံနက်(၁၀)နာရီအချိန်က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်သာမြို့နယ်ရုံး ဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာ  မင်းချမ်းမွန်၏   “ဘာတုံးဟ”အက်ဆေး   စာအုပ်ဖတ်ရှုပြီး စာဖတ်ဝိုင်းကျင်းပကြောင်းသိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင်  မြို့နယ်ဦးစီးမှူး ဦးရဲဝင်းအောင်က စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူး နှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) မှအသင်းဝင်များဖြစ်သည့်   ဦးသန်းဇော်ဝင်းက   “ဘာတုံးဟ”အက်ဆေး၊   ဦးဇော်မြင့်ဦးက  အက်ဆေးနှင့် ရသစာတမ်း၊ဒေါ်နေခြည်ထွန်းက အက်ဆေးနှင့် အတွေး၊ ဦးဖြိုးဝေက “လရောင်နှင့်လေညင်းကို တွေ့ရှိခြင်း” စသည့်စာရေးဆရာ မင်းချမ်းမွန်ရေးသားသည့်  “ဘာတုံးဟ”အက်ဆေး   စာအုပ်ပါ ခေါင်းစဉ်များ အလိုက်မိမိတို့ ဖတ်ရှုလေ့လာနားလည်မှုများအား   အသိပညာဗဟုသုတများ  မျှဝေနိုင်ရန် အပြန် အလှန်ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။

စာပေဖတ်ရှုသည့် အလေ့အထတိုးတက်မှုရရှိစေရန်  အပတ်စဉ်အင်္ဂါနေ့တိုင်းစာဖတ်ဝိုင်းကျင်းပရ ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။   စာထောက်(၃)ဒေါ်သိမ့်သိမ့်အေးက  “အနေခတ်တဲ့ ညတစ်ည”  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရုပ်သံကျွမ်းကျင်(၃)ဒေါ်ဌေးဌေးဝင်းက “မိသားစုပရဟိတ”  ခေါင်းစဉ်ဖြင့်လည်းကောင်း၊   ဓာတ်ပုံကျွမ်းကျင်(၂)ဦးကျော်မျိုးနိုင်က  “အနာဂတ် ကိုမျှော်တွေးပါ”  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အငယ်တန်းစာရေးဒေါ်တင်မိုးခိုင်က “စံပြလူသားဖြစ်ဖို့လိုပြီ”ခေါင်းစဉ် ဖြင့်လည်းကောင်းတင်ပြဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူး  ဦးရဲဝင်းအောင်နှင့် ဝန်ထမ်းများက အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)