မိုင်း‌နောင်မြို့ မြန်မာ့စီးပွားဘဏ်တွင် မိဘပင်စင်စားများအား ပင်စင်လစာများ ထုတ်ပေးလျက်ရှိ

မိုင်းနောင်  ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် မိဘပင်စင်စားများအား ပင်စင်လစာများကို ယနေ့၊ နံနက် (၉) နာရီ အချိန်တွင် ကျန်းမာရေး ၀န်ကြီးဌာန၏ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထုတ်ပေးရာတွင် လစဉ် (၂၁) ရက်နေ့မှစတင်၍ ပုံမှန်ထုတ်ပေးလျက်ရှိပြီး မိဘပင်စင်စား သက်ကြီးရွယ်အိုများ အဆင်ပြေလွယ်ကူစွာ ထုတ်ယူနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေးနှင့် လူစုလူဝေး မဖြစ်ပေါ်စေရေးတို့အတွက် ကြိုတင်စီစဉ် ဆောင်ရွက်ပေးလျက်ရှိပြီး အချိန်တိုအတွင်း မြန်ဆန်စွာ ထုတ်ယူနိုင်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

ပင်စင်လစာများထုတ်ယူသည့် မိဘပင်စင်စားများအား သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်များ ထုတ်ယူပါက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အစီအမံများဖြစ်သော လူတိုင်း(mask) တပ်ဆင်စေခြင်း၊ လက်ဆေးခြင်း၊ လက်သန့်ဆေးရည်များ အသုံးပြုခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ရေးတို့ကို အထူးကြပ်မတ်ဆောင်ရွက်ထားကြောင်း သိရသည်။

မနန်း(မိုင်းနောင်)