တံတား ဒီဇင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့အတွင်း ကိုဗစ်−၁၉မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အချက်များကို ယမန်နေ့နံနက် (၈)နာရီ အချိန်က ရပ်ကွက်များအတွင်း သွားရောက်၍ (Hand Speaker) ဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပေးနှိုးဆော်ရွာတွင် ကိုဗစ်-၁၉ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုသည် နိုင်ငံအရေအတွက် အများအပြားသို့ ရောက်ရှိလာပြီဖြစ်ရာ မိမိတို့နိုင်ငံ၊ မိမိတို့မြို့အတွင်း ကူးစက်ပျံနှံ့မှုကို ဆက်လက်ကာကွယ်တာဆီးနိုင်ရေးအတွက် ပြည်သူများအနေဖြင့် လူစုလူဝေး ပြုလုပ်ခြင်းနှင့် သွားလာခြင်းမှ ရှောင်ကြဉ်ရန်၊ ပြင်ပထွက်ခွာပါက နှာခေါင်းစည်း (Mask) ကိုစနစ်တကျတပ်ရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့်ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ရန်စသော စည်းမျဉ်းစည်းကမ်းများကို ဆက်လက်လိုက်နာ ကျင့်သုံးသွားကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြပါရန် တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နေ ပြည်သူများအား တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
မိုးဖြူလွင်