ခရမ်း ဒီဇင်ဘာလ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမတွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (အကြို) ပုံဆွဲဆေးရောင်ချယ် ပြိုင်ပွဲကို ယမန်နေ့၊ မွန်းလွဲ (၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲသို့ အမှတ်(၁၀) ရပ်ကွက်မှ ကျောင်းသား၊ ကျောင်းသူကလေးငယ်(၁၀)ဦးက စိတ်ကြိုက်ပန်းချီရေးဆွဲ၍ ဆေးရောင်ချယ်ပြိုင်ခဲ့ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အမှတ်တရ လက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
ထို့နောက် ကလေးများအား ဗူးပေါင်းမှုတ်တမ်း ကစားခြင်း ဉာဏ်စမ်းမေးခွန်းများမေးမြန်း၍ အမှတ်တရလက်ဆောင်များပေးခြင်း ပျော်ရွှင်စရာ ကလေးတို့ကမ္ဘာ အစီအစဉ်ကို ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။
ကိုမင်း (ခရမ်း)