မအူပင် ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ရှိ အသိပညာပေး မြေစိုက်နံရံ ကပ်ဘုတ်တွင် ပြည်သူများအား အသိပညာဗဟုသုတရရှိစေရန် ပြည်သူ့အကျိုးပြုစာစောင်များနှင့် ဓာတ်ပုံများကို လစဉ် ပြသဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ(၁)နာရီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများအား ပြသဆောင်ရွက်ထားရှိလျက်ရှိသည်။
အဆိုပါ နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မှတ်တမ်းများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ကောင်အထည် ဖော်ဆောင်ရွက်နေ့မှု မှတ်တမ်းဓာတ်ပုံများ ပါဝင်သည့် ဗီနိုင်းပိုစတာကို ပြသထားရာ ပြည်သူများ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ခိုင်၊အောင်မြင့်မြတ်