ကျောက်တန်း ဒီဇင်ဘာလ ၂၀
ပြည်သူများစာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကိုနားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ရန်ကုန် တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ဝါသနာတူကလပ်အသင်းများစုစည်းပြီး စာရေးဆရာအောင်သစ် ရေးသားသည့် အနာဂတ် လူငယ်နှင့်အခွင့်အလမ်းစာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဒေါ်ခင်ဆွေဝင်းက စာဖတ်ဝိုင်း ဆောင်ရွက်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်း ဆွေးနွေးပြီး တက်ရောက်လာသူ များအား စာပေကိုမြတ်နိုးတန်ဖိုးထားတတ်ပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် စာဖတ်ဝိုင်းများ ကိုလစဉ်ပုံမှန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်ပြီး Women Club အသင်း ဥက္ကဌ ဒေါ်ခင်အေးညွန့်က “အခွင့်အလမ်းဆိုတာဘာလဲ”၊ Book Club အဖွဲ့ဝင် ဒေါ်ခင်စန်းတင့်က “လူတော်လူကောင်း ဖြစ်အောင်ကြိုးစား”၊ Youth Club အဖွဲ့ဝင် မသန္တာမိုးက “ငါ့ဘဝငါသာအရှင်သခင်” စသည့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ရာ တက်ရောက် လာသူများက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်
ခင်ဆွေဝင်း(ကျောက်တန်း)