(၇၄)နှစ်​မြောက် လွတ်လပ်​ရေး​နေ့အကြိုအထိမ်းအမှတ် ထက်၊ လယ်၊ မူအဆင့် စာစီစာကုံး၊ ပြိုင်ပွဲများကျင်ပ

တွံတေး ဒီဇင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်​နေ့တွင် ကျရောက်မည့်(၇၄)နှစ်​မြောက် လွတ်လပ်​ရေး​နေ့အကြို အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်း အဆင့်စာစီစာကုံးပြိုင်ပွဲများကို ကျောင်းသား၊ ​ကျောင်းသူများ လွတ်လပ်​ရေးဆိုင်ရာ ဗဟုသုတများကို သိရှိနားလည်​စေရန်၊ ဉာဏ်ပညာစွမ်းရည်၊ အနုပညာ စွမ်းရည်များ တိုးတက်လာ​စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ​ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာ​စေရန်အတွက် ရည်ရွယ်ကာ ယနေ့၊ နံနက်(၉)နာရီ အချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်ပပြုလုပ်ခဲ့​ကြောင်းသိရသည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင်အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် (၂၀)ဦး၊ အလယ်တန်း အဆင့်တွင်(၃၀)ဦး၊ မူလတန်းအဆင့်တွင် (၁၅)ဦး စုစု​ပေါင်း​ကျောင်းသား၊ ​ကျောင်းသူ(၆၅)ဦး ဝင်​ရောက် ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။ ဆုရရှိသူများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နံနက်ပိုင်းတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တွံတေးသား