သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပ

သထုံ    ဒီဇင်ဘာ    ၂၁

မွန်ပြည်နယ်၊ သထုံမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့နံနက်ပိုင်း က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များက နွေရာသီမီးဘေးကာကွယ်ရေးလုပ်ငန်းများ၊ မီးသတ်ယာဉ်၊ ရေသည်ယာဉ်များအသင့်ရှိရေး၊ လုံခြုံရေးမီးကင်းများထားရှိရေး၊ အရန်မီးသတ်များ အသင့်ထားရှိရေး၊ ရေရရှိနိုင်မည့်နေရာများ ကြိုတင်သတ်မှတ်ရေး၊ စည်ပင်သာယာဈေးများ မီးကင်းထားရှိရေး၊ လျှပ်စစ်လိုင်းများနှင့် အရေးပေါ်မီးသတ်စက်များ ကြိုတင်စစ်ဆေးထားရှိရေး၊ ဌာနဆိုင်ရာရုံးများ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ဈေးများမီးဘေးအန္တရာယ်အတွက် ရှောင်တခင်စစ်ဆေးရေး၊ ရေရှားပါးမှုမရှိစေရေးအတွက် ချောင်းပိတ်မြောင်းပိတ် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ထိခိုက်လွယ်သည့်သက်ကြီးဘိုးဘွားများ၊ ကလေးသူငယ်များ ကျန်းမာရေးစောင့်ရှောက်မှု အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေး စသည်တို့အား ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)