တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး စတုတ္ထအသုတ် (Second Dose) တွင် (၁၄၀၅) ဦးနှင့် ပဉ္စမ အသုတ် (First Dose) တွင် (၁၃၂၄၀)ဦး ထိုးနှံပြီးစီး

တံတားဦး ဒီဇင်ဘာ၂၁

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုများနှင့်အညီ စတုတ္ထအသုတ် (Second Dose) နှင့် ပဉ္စမ အသုတ် (First Dose) များ၌ အသက်(၁၈)နှစ်အထက် ပြည်သူများ၊ သာသနာ့ဝန်ထမ်းများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊  နိုင်ငံဝန်ထမ်း မိသားစုများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ စက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ ပုဂ္ဂလိက ပို့ဆောင်ရေ ဝန်ထမ်းများ၊ စူပါမားကတ် ဈေးရောင်း ချသူများ စသည်တို့ကို ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် ဒီဇင်ဘာ(၂၀)ရက်နေ့၌ စတုတ္ထအသုတ် (Second Dose) ကာကွယ်ဆေး ထိုးနှံပြီးစီးသူ အသက်(၁၈)နှစ် အထက်  ဘုန်းတော်ကြီးနှင့် သီလရှင်( ၉ )ဦး၊ နိုင်ငံဝန်ထမ်း( ၈၉ ) ဦး၊  ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံ ဝန်ထမ်း (၁၈) ဦး ၊ ပုဂ္ဂလိက ပို့ဆောင်ရေးဝန်ထမ်း (၁၄) ဦး၊ ပုဂ္ဂလိက ဘဏ်နှင့်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်း (၁) ဦး၊ ပုဂ္ဂလိကပညာရေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင် (၁) ဦး၊ သယ်ယူပို့ဆောင်ရးလုပ်ငန်း လုပ်ကိုင်သူ (၄)ဦး၊ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ (၁၀၂၆) ဦး၊ စားသောက်ကုန်ပစ္စည်းရောင်းချသူ/လက်ဖက်ရည်ဆိုင်/ စားသောက်ဆိုင်များမှ ဝန်ထမ်း (၂၀ )ဦး ၊  မှီခိုနေထိုင်သူ( ၂၂၃ )ဦး ၊ စုစုပေါင်း( ၁၄၀၅ )ဦး ၊ ပဉ္စမအသုတ် (First Dose) တွင်  ဘုန်းတော်ကြီးနှင့် သီလရှင် ( ၅၆ )ဦး၊ နိုင်ငံဝန်ထမ်း( ၁၈၆ )ဦး ၊  အစိုးရ ကျန်းမာရေးဝန်ထမ်း (၁၄)ဦး၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်း (၂)ဦး၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်း(၇) ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေးဝန်ထမ်း (၃၀) ဦး၊ ပုဂ္ဂလိကဘဏ်နှင့်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်(၂၇) ဦး၊ ပုဂ္ဂလိကပညာရေး ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူ(၇)ဦး၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူ(၅) ဦး၊ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ (၁၁၆၃၇) ဦး၊ စားသောက်ကုန် ပစ္စည်းရောင်းချသူ/ လက်ဖက်ရည်ဆိုင်/ စားသောက်ဆိုင် များမှဝန်ထမ်း (၁၀)ဦး၊  မှီခိုနေထိုင်သူ (၁၂၅၉) ဦး၊   စုစုပေါင်း (၁၃၂၄၀) ဦးတို့ကို ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ် ထိန်းချုပ် ဖဆေးထိုးနှံပြီးစီးကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး စတုတ္ထအသုတ် (Second Dose) နှင့် ပဉ္စမအသုတ် (First Dose) ထိုးနှံပေးခြင်းကို  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ရှင် လူမှုရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆေးထိုးစုရပ်များ၌ သတ်မှတ်ဦးစားပေး အုပ်စုများနှင့်အညီ   ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည် ။

ရဲတင့်(တံတားဦး)