ရွှေပြည်သာမြို့နယ်တွင်အသက် (၁၈) နှစ်အထက်ပြည်သူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး (Sinovac)ပထမအကြိမ် ထိုးနှံပေး

ရွှေပြည်သာ ဒီဇင်ဘာ ၂၁

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင်အသက် (၁၈) နှစ်အထက်ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinovac)ပထမအကြိမ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန် တွင်အမှတ် (၁၇) ရပ်ကွက်နှင်အမှတ်(၁၆)ရပ်ကွက်တို့တွင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည် အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ် - ၁၉ စည်ကမ်းချက် များနှင့်အညီ ဆေးထိုးသူများစနစ်တကျ ဆေးထိုးနိုင်ရန် နေရာများ စီစဥ်ဆောင်ရွက်ထားခြင်း၊ ဆေထိုးပြီးသူများ နားနေနိုင်ရန်နေရာများ ထားရှိခြင်းနှင့်ဆေးထိုးသူများအားအစဉ်ပြေ ချောမွှေ့ အောင် ဆေးထိုးနိုင်ရေးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်ဦးနှင့်  အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်းများက ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

နေမျိုးထွန်း (ပြန်/ဆက်)