သထုံ ဒီဇင်ဘာ ၂၁
မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် မြေစိုက်နံရံကပ်ပြ ဘုတ်ဖြင့် ယနေ့ နံနက် ၁၀ နာရီ က ပြည်သူများအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိစေရန် ရည်ရွယ်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်အား ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြသထားသည့် မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ် (၅)ရပ်ဖြစ်သည့် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်း စစ်ဆေးခြင်းများ အပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်လုပ် ဆောင်သွားမည်၊ လတ်တလော ဖြစ်ပွားနေဆဲဖြစ်သည့် COVID-19 ကပ်ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန် မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက် သွားမည်၊ COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ သည့် စီးပွားရေး လုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည်၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA)ပါ သဘောတူညီချက်များ အတိုင်း ဖြစ်နိုင်သမျှအလေးထားလုပ်ဆောင်သွားမည်၊ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင် ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့် အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် စသည့်အချက်များနှင့် ဦးတည်ချက် (၉) ရပ်ဖြစ်သည့် နိုင်ငံရေးဦးတည်ချက်(၃)ရပ်၊ စီးပွားရေး ဦးတည်ချက်(၃) ရပ်၊ လူမှုရေးဦးတည်ချက် (၃) ရပ်စသည်တို့ကို မှတ်တမ်းဓာတ်ပုံများဖြင့် ဝေဝေဆာဆာ ပြသထားကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်