ဆီဆိုင် ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်တားဆီးနိုင်ရန်အတွက် ဆီဆိုင်မြို့၊ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိ၊ မရှိ (RDT)Tesk Kit ဖြင့် စစ်ဆေးပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က အဆိုပါကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ အခမဲ့သွားရောက် စစ်ဆေးပေးရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူတို့ ပူပေါင်းကာ ဆီဆိုင်မြို့၊ အမှတ်(၃) အခြေခံပညာ မူလတန်းကျောင်းရှိ ဆရာမ(၄)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ(၁၄၀)ဦးအား ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ အခမဲ့စစ်ဆေးပေးခဲ့ရာ ကျောင်းသား(၃)ဦး၊ ကျောင်းသူ(၂)ဦးတို့တွင် ပိုးတွေ့ ရှိသဖြင့် ကုသဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့နဲ့ထိတွေ့သည့် မိသားစုဝင် (၇) ဦး တို့ကို ထပ်မံစစ်ဆေးကြည့်ရာ ရောဂါပိုးမတွေ့ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
မျိုးမြတ်(ဆီဆိုင်)