တန့်ယန်း ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများကို နံရံကပ်ပြဘုတ်များဖြင့် အများပြည်သူများ သိရှိနိုင်စေရန် ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ပြသထားသည်။
အဆိုပါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်ဦးတည်ချက်(၉)ရပ်ချမှတ်၍ ပြည်သူများအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကောင်အထည်ဖော် လှုပ်ရှားဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများကို မိဘပြည်သူများ၊ ကျောင်းသား/ကျောင်းသူများက လာရောက်ကြည့်ရှု လေ့လာကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)