မိုင်းစံ ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် ယနေ့နံနက် (၉)နာရီအချိန်က ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကလေးငယ်သူငယ် များ အနေဖြင့် စာကြည့်တိုက်ကို အသုံးပြုတတ်စေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချ တတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊ ကိုယ်ပိုင်တီထွင် ဖန်တီးတတ်သည့် အတွေးအခေါ် များ ရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ မြို့အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်ချို (မုန်းဆန်း)