ပုပ္ပားတောင်ကလပ် စေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့ လုပ်ငန်းတာဝန်များ လွှဲပြောင်း/လက်ခံခြင်းနှင့် နာယကဆရာတော်ဘုရားကြီးများထံမှ ဩဝါဒခံယူပွဲကျင်းပ

ကျောက်ပန်းတောင်း   ဒီဇင်ဘာ   ၂၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ် စေတီတော် ဘဏ္ဍာထိန်း ယာယီဂေါပကအဖွဲ့မှ ဂေါပကအဖွဲ့သစ်သို့ လုပ်ငန်းတာဝန်လွှဲပြောင်းလက်ခံခြင်းနှင့် နာယက ဆရာတော်ဘုရားကြီးများထံမှ ဩဝါဒခံယူပွဲကို၊ ယမန်နေ့ မွန်းလွဲ ၂နာရီခွဲက မြို့နယ် သံဃ နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကျောင်းထိုင်သည့် ဥသျှစ်ကုန်းစာသင်တိုက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို  ကြွရောက်လာသည့် ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်များက နမော တဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး၊ ကျောက်ပန်းတောင်းမြို့နယ် တိုင်းဒေသကြီး အဖွဲ့၊ အဖွဲ့ဝင်ဆရာတော် ဘန္တဒ္ဒ ဓမ္မာဝုဓက ဩဝါဒကထာ ချီးမြှင့်သည်။ ဆက်လက်၍ ပုပ္ပားတောင်ကလပ် ယာယီဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးဌေးမြင့်က ဂေါပကအဖွဲ့သစ် ဥက္ကဋ္ဌ ဦးဝင်းမြင့်ထံသို့ လုပ်ငန်း ဆိုင်ရာမှတ်တမ်းများကို လွှဲပြောင်းပေးအပ်ပြီး၊  ကြွရောက်တော်မူလာကြသည့် ဆရာတော်အရှင်သူမြတ် များအား လှူဘွယ်ဝတ္ထူပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ၊ အခမ်းအနားကို ဗုဒ္ဓသာ သနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုတ်သိမ်းခဲ့သည်။ လွှဲပြောင်းလက်ခံပွဲအပြီးတွင် ယာယီဂေါပကအဖွဲ့နှင့် ဂေါပက အဖွဲ့သစ်တို့သည် ပုပ္ပားတောင်ကလပ်သို့ သွားရောက်ကြပြီး၊ မြေပြင်ရှိ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများနှင့်အဆောက်အဦ မှတ်တမ်းများကို မျက်မြင် လွှဲပြောင်း ပေးအပ်/လက်ခံခဲ့ကြသည်။

အဆိုပါ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ လုပ်ငန်းတာဝန် လွှဲပြောင်း/လက်ခံပွဲသို့ မန္တလေးတိုင်းဒေသကြီး သံဃနာယ ကအဖွဲ့ အဖွဲ့ဝင်ဆရာတော်ဘန္တဒ္ဒ ဓမ္မာဝုဓ၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘန္တဒ္ဒ သူရိယနှင့်အဖွဲ့ဝင်ဆရာ တော်များ၊ မြို့နယ်သာသနာရေးမှူး ဦးကျော်ကျော်လွင်နှင့်ဝန်ထမ်းများ၊ ယာယီဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသာအေးနှင့် ဂေါပက အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့သစ် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ ပုပ္ပားတောင်ကလပ် ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူးနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)