ဟိုပုံး ဒီဇင်ဘာ ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက် ချက် မှတ်တမ်းဓာတ်ပုံများကို ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ဟိုပုံး) ရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထား ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အကောင်အထည်ဖော်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ် မှတ်တမ်းဓာတ်ပုံများနှင့် ချမှတ်ထားသည့် ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံ ဗီနိုင်းပိုစတာများကို ပြည်သူများ၊ ကျောင်းသား/ ကျောင်းသူ များ အလွယ်တကူ ဖတ်ရှုလေ့လာပြီးသိရှိနိုင်ရန်အတွက် ပြသဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ထက်ထက်(ဟိုပုံး)