ရမည်းသင်း ဒီဇင်ဘာ ၂၀
စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းနှင့် စာပေဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ န လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် ၁၁နာရီအချိန်က ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) အဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမည်းသင်းခရိုင် ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူး တို့အား ရှင်းလင်းပြောကြားကာ (Book Club) အသင်းအဖွဲ့ဝင် ဦးအောင်ဝင်းမှ မြတ်ဝေတိုး (ပညာရေးတက္ကသိုလ်)ရေးသားသည့် ယဉ်ကျေးလိမ္မာ အနာဂတ်ရတနာနှင့် အခြားဝတ္ထုတိုများ စာအုပ်မှ "ဂိမ်းကစားခြင်း၏ နောက်ဝယ်" ခေါင်းစဉ်ကို ဦးဆောင်ဆွေးနွေးရာ (Book Club)အသင်းအဖွဲ့ဝင်များ ၊တက်ရောက်လာသည့် စာပေဝါသနာရှင်များ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူတို့မှ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူများ ရမည်းသင်းခရိုင် ပြည်သူ့စာကြည့်တိုက်တွင် စာကြည့်တိုက်အသင်းဝင် (အခမဲ့) ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇော်ဝင်းအောင်