သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ အောင်သုခရပ်ကွက် ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေး

သံဖြူဇရပ် ဒီဇင်ဘာ ၂၀

နိုင်ငံသားတိုင်းအတွက် အလွန်အရေးပါပြီး မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို  မွန်ပြည်နယ်  သံဖြူဇရပ်မြို့နယ်  ကျိုက္ခမီမြို့  အောင်သုခရပ်ကွက်၌    မြို့နယ် ဦးစီးအရာရှိ ဦးရဲလင်းအောင်  ဦးဆောင်၍ ဝန်ထမ်းများက   “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့်   ကိုင်ဆောင်သင့်သော  ကတ်တစ်မျိုးမျိုးထုတ်ပေးရေးကို ဒီဇင်ဘာ ၁၈ ရက်မှ ၁၉ ရက်ထိ နံနက် ၉ နာရီခွဲမှစ၍ အဆိုပါ ရပ်ကွက်ရုံးတွင် နေ့ချင်းပြီး ကွင်းဆင်း  ဆောင်ရွက်ပေးသည်။

ကွင်းဆင်း ဆောင်ရွက်ပေးရာတွင်   ကျန်းမာရေးဝန်ကြီးဌာနမှ   ထုတ်ပြန်ထားသည့်  ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ    စနစ်တကျ ဆောင်ရွက်ပေးပြီး    အသက် ၁၀ နှစ်အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု ၃(က)တွင် ကျား(၇)ဦး၊   မ(၆)ဦး၊ အသက် ၁၈နှစ်နှင့်အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု ၆(က)တွင် ကျား(၃၈)ဦး၊   မ(၃၄)ဦး၊ အသက် ၁၀ နှစ်မှ ၁၈  နှစ်ပြည့်လဲလှယ်တွင် ကျား(၅၄)ဦး၊    မ(၈၇)ဦးနှင့် ပျောက်ဆုံး၊ ပျက်စီးထုတ်ပေးခြင်းတွင် ကျား(၁၀)ဦး၊   မ(၁၀)ဦးတို့အား ကတ်အမျိုးမျိုး ဆောင်ရွက် ပေးလျက်ရှိရာ စုစုပေါင်း(၂၄၆)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

သံဖြူဇရပ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနအနေဖြင့် ပြုလုပ်ရန်ကျန်ရှိသည့် ဒေသခံ ပြည်သူများ ကိုလည်း စဉ်ဆက်မပြတ်   ကွင်းဆင်းဆောင်ရွက်  ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးမွန်(ပြန်/ဆက်)