သာစည် ဒီဇင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို သတ်မှတ်ဆေးထိုးစုရပ်များ၌ ယမန်နေ့ က ထိုးနှံပေးခဲ့ ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးရာတွင် ဆေးထိုးနှံရေးအဖွဲ့များက Sinopharm ပထမအကြိမ် အဖြစ် ကြက်မောက်ကျေးရွာ ဆေးထိုးစုရပ်၌ ပြည်သူ ၄၀၀ ဦး၊ ရွှေတုတ်ကုန်းကျေးရွာ ဆေးထိုး စုရပ်၌ ပြည်သူ ၃၃၀ ဦး၊ ညောင်အိုင်ကျေးရွာ ဆေးထိုးစုရပ်၌ ၃၀၀ ဦး၊ Sinopharm ဒုတိယ အကြိမ် အဖြစ် ယင်းမာပင်ကျေးရွာ ဆေးထိုးစုရပ်၌ ၃၈၀ ဦး၊ ကျွဲတပ်ဆုံကျေးရွာ ဆေးထိုးစုရပ်၌ ၃၅၀ ဦး၊ မကျီးရိုးကျေးရွာ ဆေးထိုးစုရပ်၌ ၁၇၀ ဦး၊ စုစုပေါင်း ၁၉၃၀ ဦးတို့အား ထိုးနှံပေးခဲ့သည်။။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်း များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့များက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကိုယ် အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်းချိန် တိုင်းတာခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်း များ ဆောင်ရွက်၍ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)