ရွှေပြည်သာ ဒီဇင်ဘာ ၂၀
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင်အသက် (၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်တွင် အမှတ် (၁၆) ရပ်ကွက်တွင် ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ ဆေးထိုးသူများ စနစ်တကျ ဆေးထိုးနိုင်ရန် နေရာများ စီစဉ်ဆောင်ရွက်ထားခြင်း၊ ဆေးထိုးပြီးသူများ နားနေနိုင်ရန် နေရာများ ထားရှိခြင်းနှင့်ဆေးထိုးသူများအား အစဉ်ပြေချောမွေ့အောင် ဆေးထိုးနိုင်ရေးတို့ကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရ သည်။
နေမျိုးထွန်း