(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို ပုံပြင်ပြောပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

မန္တလေး    ဒီဇင်ဘာ   ၂၀

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ အမက (မူလွန်)-၂၀ ကျောင်း တို့ ပူးပေါင်းကျင်းပသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ပုံပြင်ပြော ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။

ကလေးငယ်များ စာကြည့်တိုက်နှင့်အကျွမ်းတဝင် ရင်းနှီးစေဖို့၊ အနုပညာဖန်တီးတတ်သည့် အလေ့အကျင့် ရရှိစေဖို့၊ စာပေဖတ်ရှုသည့်အလေ့အထများ ရှင်သန်ခိုင်မာစေရန်နှင့်စာပေအနုပညာ ချစ်ခင်မြတ်နိုးသည့်စိတ်ဖြစ်ပေါ် လာစေဖို့အတွက် ဒီပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြစ်ပါတယ်၊ ပြိုင်ပွဲဝင်ကလေးများကို အမှတ်တရလက်ဆောင်နဲ့ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးသွားမှာပါဟု မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြောကြားသည်။

ပြိုင်ပွဲတွင် အမက(မူလွန်)-၂၀ ကျောင်း မှ ကျောင်းသား/သူကလေးငယ် (၁၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယဆုနှင့်နှစ်သိမ့်ဆုရရှိသူများအား မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)