စဉ့်ကူး ဒီဇင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၌ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ထိခိုက်ဒဏ်ရာရှေးဦး ပြုစုခြင်း(ဆင့်ပွား) သင်တန်းကို ဒီဇင်ဘာ ၁၈ နေ့ မှ ၁၉ ရက်နေ့အထိ စဉ့်ကူးမြို့နယ် ကြက်ခြေ နီအသင်းခွဲရုံး၌ ( ၂)ရက် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း(ဆင့်ပွား) သင်တန်းတွင် သင်တန်းနည်းပြ ဆရာများက နေ့စဉ် နံနက် ၉ နာရီ မှ ညနေ ၄ နာရီခွဲအထိ ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်းဆိုင်ရာ သင်တန်း ဘာသာရပ်များအား လက်တွေ့သရုပ်ပြခြင်းများ ပို့ချသင်ကြားခဲ့ရာ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ကြက်ခြေနီအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းတို့မှ သင်တန်းသား၊ သင်တန်းသူ (၂၅ ) ဦးတက်ရောက်သင်ကြားခဲ့ကြသည်။
ဆက်လက်ပြီး သင်တန်းတွင် စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သင်တန်းသား( ၂၅ ) ဦးအတွက် ငွေကျပ် ( ၁၂၅၀၀၀)ကျပ်အား မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ ဒုတိယမြို့နယ် တပ်ဖွဲ့ မှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး သင်ထောက်ကူ ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)