နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့အား ပြည်သူများအားသိရှိစေရန်‌ ကော့မှူး၌ ပြသဆောင်ရွက်

ကော့မှူး ဒီဇင်ဘာ ၂၀

ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေ‌ရန် ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လက်ရှိ‌အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ ယနေ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြသဆောင်ရွက်ပေးနေကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ် (၅)ရပ်အတွက် ဆောင်ရွက်နေသည့် မှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်(၉) ရပ်တွင် ပါဝင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ ပါဝင်သော ဗီနိုင်းပိုစတာများဖြင့် ပြသဆောင်ရွက်လျက်ရှိရာ မြို့နယ်နေ ပြည်သူများမှ စိတ်ပါဝင်စားစွာ လာရောက်လေ့လာ ကြည့်ရှုနေကြကြောင်း သိရသည်။

အသိပညာပေး နံရံကပ်စာစောင်များ ပြသရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ပြသဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ကျော်သူရ ကော့မှူး