ဆိပ်ကြီးခနောင်တိုမြို့နယ် ဆုတောင်းပြည့် အောင်ချမ်းသာစေတီတော်ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်သန့်ရှင်း သာယာလှပရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများမှ ခနောင်တိုအရှေ့ရပ်ကွက်ရှိ ဆုတောင်းပြည့် အောင်ချမ်းသာ စေတီတော်ဝင်းအတွင်း စုပေါင်းသန့်ရှင်း‌ရေး ဆောင်ရွက်ခဲ့သည်။

သန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များမှ ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဆုတောင်းပြည့်အောင်ချမ်းသာ စေတီနှင့် စေတီတော်ပရဝဏ် အတွင်း/ အပြင် တို့တွင် တံမြက်စည်းလှည်းခြင်း၊ ဘုရားဆင်းတုတော်များ ရောင်တော်ဖွင့်ခြင်း၊ ဘုရားပန်းများ အသစ်လဲလှယ်ခြင်း၊ ပတ်ဝန်းကျင်ရှိမြက်၊ ချုံနွယ်များ ရှင်းလင်းခြင်း၊ ရေမြောင်းများ သန့်ရှင်း ရေးပြုလုပ်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝေယံ (IPRD)