မသန်စွမ်းသူများနှင့်ပတ်သက်၍ အသိပညာပေး Talk Show ကျင်းပ

ဇေယျာသီရိ ဒီဇင်ဘာ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မသန်စွမ်းသူများနှင့်ပတ်သက်၍ အသိပညာပေး Talk Show ကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာ ပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မသန်စွမ်းသူများနှင့်ပတ်သက်၍ အသိပညာပေး Talk Show ကို ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်နှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) တို့က မသန်စွမ်းမှု အမျိုးအစားများ၊ မသန်စွမ်းသူများ၏ စာတတ်မြောက်မှုနှုန်းများနှင့် မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်ရရှိမှုများကို ပညာပေးဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇေယျာသီရိမြို့နယ်ရုံးမှ ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Show အပြည့်အစုံကို ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

အေးလင်းထွန်း