ရန်ကင်းမြို့နယ်တွင် (၁၂၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ရန်ကင်း ဒီဇင်ဘာ ၁၉

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ (၁၂၉)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့နေ့လယ် (၃)နာရီအချိန်က အမှတ် (၁၄)ရပ်ကွက် မိုးကောင်းဘုရားလမ်းရှိ မိုးကောင်းဆုတောင်းပြည့်စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကျင်းပပြုလုပ်ရာတွင် ရန်ကင်းမြိုနယ်မိုး ကောင်းဘုရားစေတီတော် ဂေါပကအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြုလုပ်ခဲ့ရာ မြတ်စွာဘုရားအမှူးထား၍ သံဃာတော် အရှင်သူမြတ်(၅၅)ပါးအား ရန်ကင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးနှင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ မြို့နယ်မိခင်နှင့်ကလေး၊အမျိုးသမီးရေးရာအဖွဲ့များ၊ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များက လောင်းလှူခဲ့ကြကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)