ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာလ ၁၉
ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် Talk Show အစီအစဉ်များပြုလုပ်ကာ အများပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများကို Onlineမှ တဆင့်ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
အများပြည်သူများအား Online မှတဆင့် အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်ရာ တွင်လည်း မသန်စွမ်းသူများဆိုင်ရာအသိပညာပေး Talk Show အစီအစဉ်ကို ဒီဇင်ဘာလ (၃)ရက်နေ့တွင် မြောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍လည်းကောင်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာများအား Talk Show အစီအစဉ်ကို ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။
အဆိုပါ Talk Show အစီအစဉ်များတွင် မြောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ဆုလှိုင် တို့က မသန်စွမ်းသူတွေရဲ့ အခြေအနေနှင့်ခွဲခြားဆက်ဆံမှုအခြေအနေများ၊ မသန်စွမ်းသူ တွေရဲ့စိန်ခေါ်မှုအခက်အခဲများနှင့် မသန်စွမ်းသူအခွင့်အရေးနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်မှုများ အတွက် ဆောင်ရွက်နေမှုအခြေ အနေများနှင့် ထောက်ပံ့ပေးနေမှုအခြေအနေများအကြောင်းနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ကလေးသူငယ်များ၏ အခွင့်အရေးနှင့်ပတ်သက်ပြီး ကာကွယ်ပေးနေမှုများနှင့်ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်ပြီး မိဘများရဲ့ အရေးပါအရာရောက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)