ညောင်ရွှေ ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွင်း အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ လေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(SINOVAC) ထိုးနှံခြင်းကို ညောင်ရွှေမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပတ္တမြားခန်းမနှင့် အခြားသတ်မှတ်ထားသော နေရာများ၌ ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်း များမှ ပူးပေါင်းဆောင်ရွက်လျှက်ရှိကြပြီး ယနေ့အထိ ကာကွယ်ဆေးထိုးနှံပြီးစီးသည့် ကျောင်းသား၊ ကျောင်းသူဦးရေ (၅,၂၃၉)ဦးရှိပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူဦးရေ (၆၈၅၉)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်အတွင်း ဆေးထိုးစုရပ်များအဖြစ် မြို့မစုရပ်အထက(၁)ညောင်ရွှေ အပါအဝင် အထက(အင်းပေါခုံ)၊ အထက(စံကား)၊ အထက(ရွာမ)၊ အထက(ခေါင်တိုင်)၊ အထက (အင်းလျား)၊ အထက(မင်းချောင်း)၊ အထက(မိုင်းသောက်)တို့ကို အခြေပြု၍ အသက်(၁၂)နှစ် အထက်ကျောင်းသား၊ ကျောင်းသူလေးမျးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအယ်ဘဲ